ဖျာပုံ ဇန်နဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့မှ မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) ပါ ရေယာဉ် (၃) စီးဖြင့် အထွေထွေရောဂါကု ဆရာဝန် ဗိုလ်မှူးကြီး ရဲဖြိုးအောင် ဦးစီးသော အရာရှိ/အခြားအဆင့်(၃၃+၄၄) ဦး အဖွဲ့သည် ဖျာပုံမြို့နယ်အတွင်းရှိ ပြည်သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ရှင်သန်နေထိုင်စေရေးကို ရည်ရွယ်၍ တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းနှင့်အတူ အခမဲ့ဆေးဝါးကုသဆောင်ရွက်ပေးကြသည်။
ထိုသို့ .ဆေးဝါးကုသရာတွင် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့၊ ရွှေပုဇွန် မြစ်တွင်းသွား ဆေးရုံရေယာဉ်နှင့် စကုမြစ်ရေယာဉ်တို့ဖြင့် အထွေထွေရောဂါကု ဆရာဝန် ဗိုလ်မှူးကြီး ရဲဖြိုးအောင် ဦးစီးသော ဆေးကုသမှုပါရဂူ၊ ခွဲစိတ်ပါရဂူ၊ သွားဖွားမီးယပ်ပါရဂူ၊ ကလေးကုသမှု ပါရဂူ၊ ဓာတ်မှန်ပါရဂူ၊ ရောဂါဗေဒပါရဂူ၊ မေ့ဆေးပါရဂူ၊ အရိုးရောဂါခွဲစိတ်ပါရဂူ၊ နား၊ နှာခေါင်း၊ လည်ချောင်းခွဲစိတ်ပါရဂူ၊ မျက်စိရောဂါခွဲစိတ်ပါရဂူ၊ သွားရောဂါပါရဂူ၊ ပြည်သူ့ကျန်းမာရေးပါရဂူတို့ပါဝင်သော ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား အခမဲ့ဆေးဝါးကုသမှုများ အဆင်ပြေချောမွေ့ မြန်ဆန်စေရေးအတွက် လိုအပ်သည်များကို ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ကျော်မင်းယု၊ ဖျာပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖျာပုံပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ဒေသခံပရဟိတအဖွဲ့များမှလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ရာ၊ ယနေ့တွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၄၂ ဦး၊ ခွဲစိတ်ရောဂါ ၁၁ ဦး၊ ကလေးရောဂါ ၁၇ ဦး၊ အရိုးရောဂါ ၉၆ ဦး၊ သားဖွားမီးယပ်ရောဂါ ၇ ဦး၊ နားနှာခေါင်း လည်ချောင်းရောဂါ ၃၈ ဦး၊ မျက်စိရောဂါ ၄၃ ဦး၊ သွားရောဂါ ၃၅ ဦး၊ ရောဂါကုသမှုခံယူသူ စုစုပေါင်း ၃၈၉ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး၊ ၎င်းတို့အနက် ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်း၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်ခြင်း၊ ရောဂါရှာဖွေခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးပြီး၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သောလူနာများအား နီးစပ်ရာ ဆေးရုံကြီးများသို့ တက်ရောက်ကုသနိုင်ရေး စီစဥ်ဆောင်ရွက်ပေးခဲ့ပြီး (၂၄-၁-၂၀၂၅) မှ (၂၅-၁-၂၀၂၅) အထိ ဆက်လက်ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းနိုင် (ပြန်/ဆက်)