မိုင်းယန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းယန်း ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျေးရွာဒေသခံတိုင်းရင်းသားပြည်သူများ၏ စိုက်ပျိုး‌မွေးမြူရေး၊ လူမှုရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဉပဒေစိုးမိုးရေးတို့အတွက် ကွင်းဆင်းအသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မိုင်းလွေကျေးရွာအုပ်စု၊ ပုံလုံကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဉပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမူရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး စစ်ကြောင်းကြီး ၅ ကြောင်းတွင်ပါဝင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ သက်ဆိုင်ရာကဏ္ဍများအလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ရှင်းလင်းဆွေးကြရာ တက်ရောက်လာကြသော ကျေးရွာနေပြည်သူများမှ  လိုအပ်လျက်ရှိသော သောက်သုံးရေရရှိနိုင်ရေး၊ ပညာရေးနှင့် ကျေးရွာတွင်းလမ်း အဆင့်မြှင့်ပေးနိုင်ရန် စသည့်လုပ်ငန်းဆိုင်ရာများကို တင်ပြဆွေးနွေးခဲ့ရာ သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး