လှိုင် ဇန်နဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအစီအစဉ်ဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စားအငြိမ်းစားများအား ဇန်နဝါရီလ ၂၀ ရက်မှ ၂၄ ရက်အထိ မြို့နယ်ကမာရွတ်ဘဏ်ခွဲတွင် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မရမ်းကုန်းခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကုန်စျေးနှုန်းထိန်းညှိလျှော့ချရေးနှင့် အခြေခံစားသောက်ကုန် လုံလောက်မှုရှိစေရေး ပိုမိုတိုးမြင့်ထုတ်လုပ်နိုင်ရေး ကြီးကြပ်မှုကော်မတီနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာတို့ပူးပေါင်းပြီး ပြည်သူများ စားသုံးဆီဈေးနှုန်း သက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် လက်လီရောင်းချပေးရာ စားသုံးဆီတစ်ပိဿာလျှင် (၈၅၀၀) ကျပ်နှုန်းဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စားအငြိမ်းစားများအား စနစ်တကျ တန်းစီစနစ်ဖြင့် လက်လီဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)