ချောင်းဆုံ ဇန်နဝါရီ ၂၅
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကုလားတို့ကျေးရွာတွင် ယမန်နေ့ ညနေ ၅ နာရီ ၂၅ မိနစ်ခန့်က မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုစတင်ဖြစ်ပွားခဲ့ရာ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများမှ မီးသတ်ယာဉ် (၁) စီးနှင့် ရေသယ်ယာဉ် (၁) စီးတို့ဖြင့် ပူးပေါင်း၍ မီးငြှိမ်းသတ်ခဲ့သည့်အတွက် ည ၅ နာရီ ၃၅ မိနစ်အချိန်တွင် လုံးဝမီးငြှိမ်းသွားကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် မီးငြှိမ်းသတ်နိုင်ခဲ့ကြပြီး ကုလားတို့ကျေးရွာ ကွင်းအမှတ် (၇၇၃)နေ ဒေါ်အာရှာဘီ၏ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ တစ်ထပ်နေအိမ် (၁)လုံး မီးလောင်ကျွမ်း ပျက်စီးဆုံးရှုံခဲ့ကာ လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် မီးလောင်ကျွမ်းမှုအပေါ် အရေးယူဆောင်ရွက်နိုင်ရေး ချောင်းဆုံမြို့မရဲစခန်းမှ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုကျော်(ချောင်းဆုံ)