ရေနံချောင်း ဇန်နဝါရီ ၂၅
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မေဂျာပေါင်းစုံ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း) ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဝင်းစန္ဒာက မောင်မယ်သစ်လွင်ကြိုဆိုပွဲ ပြုလုပ်ရခြင်းနှင့် ပညာရည်ချွန်ဆုများ ပေးအပ်ချီးမြှင့်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်တန်းအသီးသီးတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း) ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဆက်လက်ဖျော်ဖြေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)