သတင်းများ

ဆင်ပေါင်ဝဲမြို့နယ် စည်ပင်လှကျေးရွာ၌ စာကြည့်တိုက်ရှင်သန်ရေး ကွင်းဆင်းဆောင်ရွက်
Jan 26,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စည်ပင်လှကျေးရွာ၌ စာကြည့်တိုက်ရှင်သန်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လွိုင်ကော်တွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ နွေနှမ်းစိုက် တောင်သူများသို့ နှမ်းမျိုးစေ့၊ ရေစုပ်စက်များပေးအပ်၊  နွေစပါးစိုက်တောင်သူများသို့ ယူရီးယားဓါတ်မြေဩဇာများ ရောင်းချပေးအပ်ပွဲ ပြုလုပ်
Jan 26,2025
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်စပ်ဌာနများ၊ တောင်သူများနှင့် စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ တတိယသီးနှံနွေနှမ်း ဧက(၅၀၀)အား ရေတင်စိုက်ပျိုးမည့် တောင်သူများအား မျိုးနှမ်း၊ ရေစုပ်စက်များ ပေးအပ်ခြင်းနှင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများအား သက်သောနှုန်းထားဖြင့် ယူရီးယားဓါတ်မြေဩဇာများ ရောင်းချပေးအပ်ခြင်း အခမ်းအနား ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။
ဖျာပုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်
Jan 26,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်  လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသဆောင်ရွက်ခြင်းကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ် အ.ထ.က(ဖျာပုံတမံ)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
“(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” (ပဉ္စမနေ့) ဆက်လက်ကျင်းပ
Jan 26,2025
ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော “(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ပဉ္စမနေ့ကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ်-၅ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)၌ ဆက်လက်ကျင်းပသည်။
တောင်ဥက္ကလာပမြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပဆောင်ရွက်
Jan 26,2025
သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲကို ဇန်နဝါရီလ (၂၄)ရက်နေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗလမင်းထင်အမှတ် (၂)တံတား တည်ဆောက်ရေး စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုအားကြည့်ရှုစစ်ဆေး
Jan 26,2025
မန္တလေး - လားရှိုး - ဗန်းမော် - မြစ်ကြီးနားလမ်းပေါ်တွင် တည်ရှိပြီး ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်အရှေ့နှင့် အနောက်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့အား ဆက်သွယ်ထားသည့် အပြင် မြန်မာ-တရုတ်ကုန်သွယ်ရေး လမ်းကြောင်းအတွက် အဓိကကျသော လမ်းမပေါ်တွင် တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေး အဖွဲ့(၁)၊ တံတားအထူးအဖွဲ့(၁)က တာဝန်ယူတည်ဆောက်လျက်ရှိသည့် ဗလမင်းထင်အမှတ်(၂) တံတားတည်ဆောက်ရေးစီမံကိန်းအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက တည်ဆောက်‌ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဖျာပုံမြို့နယ် အ.ထ.က (ဖျာပုံတမံ)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
Jan 26,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည် ထက်မြက်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်၊ လူကောင်းများ ဖြစ်လာစေရန်၊ စာ​ပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး"လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ​ ​ဇန်နဝါရီလ(၂၄)ရက်နေ့ နံနက်ပိုင်းအချိန်က ဖျာပုံမြို့နယ် အ.ထ.က(ဖျာပုံတမံ) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်တက္ကသိုလ်ပြန်လည်ဖွင့်လှစ်ရန် သန့်ရှင်းသာယာရေးလုပ်ငန်းများဆောင်ရွက်မှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး
Jan 26,2025
လွိုင်ကော်တက္ကသိုလ်၏ အဆောက်အအုံများ ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်ပြီး အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန် ယခုလ ၂၂ ရက်နေ့မှစ၍ အလေးထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်သို့ ရောက်ရှိကာ အမြန်ဆုံးပြန်လည်ပြုပြင်ဖွင့်လှစ်နိုင်ရန် တက္ကသိုလ်ပရိဝုဏ်အတွင်း သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လွိုင်ကော်-လောပိတလမ်း ကတ္တရာကွန်ကရစ်ခင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။