မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးနန်းမြို့အနောက်ဘက်ရှိ စည်ရှည်တံတား တည်ဆောက်ပြီးစီးနေမှုအခြေအနေ၊ မြို့တွင်းလမ်းများ သန့်ရှင်းသပ်ရပ်မှုနှင့် ယာဉ်ကြောပြအမှတ်အသားများ ထင်ရှားစေရန် သန့်ရှင်းနေမှုများအားလိုက်လံကြည့်ရှုစစ်ဆေး

ချမ်းအေးသာစံ ဇန်နဝါရီ ၂၅

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် စည်ပင်သာယာရေးရာ ဝန်ကြီး မြို့တော်ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးနန်းမြို့အနောက်ဘက်ရှိ စည်ရှည်တံတား ပြန်လည်ဆောက်ပြီးစီးနေမှုနှင့် မြို့တွင်းလမ်းမကြီးများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆေးကြောသန့်ရှင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် မန္တလေးနန်းမြို့အနောက်ဘက်ရှိ စည်ရှည်တံတားအား ရှေးမူမပျက် မူလပုံစံအတိုင်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု၊ တံတားနှင့် ဆက်စပ်လျက်ရှိသည့် လမ်းများအား ခင်းကျင်းဆောင်ရွက်ထားမှု၊ ကျုံးမြို့ရိုးသာယာလှပရေးအတွက် ဆောင်ရွက်သွားမည့် အစီအမံများကို လိုက်လံကြည့်ရှုရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီးနောက် မြို့တွင်းရှိ လမ်းမကြီးအား သန့်ရှင်းသပ်ရပ်မှုရှိစေရန် ရေများဖြင့် ဆေးကြောသန့်ရှင်းခြင်း၊ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်ကြောပြ အမှတ်အသားများ ပေါ်လွင်ထင်ရှားစေရန်ဆေးကြောခြင်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်ပါသည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း မြို့ကြီးများရှိ လမ်းမကြီးများအား ရေဆေးသန့်ရှင်း ဆောင်ရွက်ခြင်းများကို စီမံချက်များချမှတ်၍ လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းနိုင်