မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ယွန်းလျှံမြန်မာလယ်ယာသစ်တော ကုမ္ပဏီလီမိတက် တာဝန်ရှိသူများမှ Agro(+)Project ဆောင်ရွက်နေမှုများအား ရှင်းလင်းပြသသည့် အခမ်းအနားသို့တက်ရောက်

ချမ်းအေးသာစံ ဇန်နဝါရီ  ၂

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့အား ယွန်းလျှံမြန်မာလယ်ယာ သစ်တောကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက Agro(+) Project ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက လာရောက် ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

ရှင်းလင်းပြသမှု၌ အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူက မြန်မာ့ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီမံကိန်း၏ရည်ရွယ်ချက်များ၊ လုပ်ငန်းကဏ္ဍများနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများ၊ လုပ်ငန်းအတွေ့အကြုံများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်အကြီးအကဲမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စိုက်ပျိုးမွေးမြူရေး အခြေခံသည့် Value Added ထုတ်ကုန်များနှင့် MSME များဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ၊ စီမံချက်များချမှတ်၍ ကဏ္ဍများအလိုက် အလေးထားဆောင်ရွက်နေမှုများကို ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးပြောကြားပြီး သက်ဆိုင်ရာများ တိုင်းဦးစီးမှူးများက ရှင်းလင်းတင်ပြ အကြံပြုဆွေးနွေး ပြောကြားပြီးနောက်   တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ထွန်းထွန်းနိုင်