ရွှေဘို ဇန်နဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ ရန်ကြီးအောင်ဝန်ထမ်း/အငှားအိမ်ယာတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းသရုပ်ပြသခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး ဦးအေးမြင့်နှင့် ရွှေဘိုမြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်မြတ်တိုးတို့ ဦးဆောင်သော ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦးတို့သည် ပွင့်လင်းရာသီရောက်ရှိပြီဖြစ်သည့်အတွက် မီးကိုပေါ့ဆစွာ အသုံးမပြုကြရန်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေး၊ မီးလောင်မှု၊မီးလန့်မှုမဖြစ်ပွားစေရေးနှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့မီးငြှိမ်းသတ်နိုင်စေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ကြောင်း ပြောကြားခဲ့ပြီး သရုပ်ပြအခမ်းအနားတွင် ရှာဖွေကယ်ဆယ်ခြင်း၊ ဆီမီးလောင်မှု(HNE) ကျောလွယ်မီးငြိမ်းသတ်မှုကိရိယာဖြင့် ငြှိမ်းသတ်ခြင်း၊ မီးလောင်ပြင်တွင် မီးငြှိမ်းသတ်ခြင်း စသည်တို့အား လက်တွေ့ပြသဆောင်ရွက်ခဲ့ပြီး မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် နေအိမ်အခန်းများ မီးသုံးစွဲမှု စစ်ဆေးအကြံပြုပေးခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)