နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၂၅

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ငကောင်းကံကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာအနီးတွင် နေကြာသီးနှံ ၁၅၀ ဧက တစ်ကွင်းတစ်ဆက်တည်း စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ကြည့်ရှုအားပေးစဉ် တာဝန်ရှိသူများက စိုက်ပျိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေပေးဝေရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြကြပြီး  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းမျာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီနည်းစနစ်များကို မှန်မှန်ကန်ကန် လိုက်နာကျင်းသုံးကြရမှာဖြစ်ကြောင်း၊ သီနှံများ ရည်မှန်းချက်ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်း မျိုးသန့်များ ပြောင်းလဲစိုက်ပျိုးရေး၊ သဘာဝမြေဩဇာများအသုံးပြုရေး၊ စိုက်ပျိုးမြေများကို စနစ်တကျပြုပြင်ပြီး စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေများကို အလေအလွင့်မရှိစေရေး၊ သီထပ်သီးညှပ်စိုက်ပျိုးရေးတို့ကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း ပြောကြားပြီး တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံးကျေးရွာအုပ်စု၊ ပုရွက်ဆိတ်ကုန်းကျေးရွာအတွင်းရှိ SME အသင်းဝင် ဝိသာခါ အဆင့်မြင့်ဆန်စက်နှင့် ဆန်ထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းသို့ သွားရောက်၍  ဆီစက်အသစ်တပ်ဆင်ပြီး ဆီကြိတ်ခွဲနေမှုနှင့် ဆန်စက်လုပ်ငန်း လည်ပတ်နေမှုများကို ကြည့်ရှုစစ်ဆးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းအုပ်စု၊ ကင်ပွန်းတန်းကျေးရွာ ကျေးရွာတွင်းလမ်း ၂၀၀၀ ပေ × ၁၂ ပေ × ၈ လက်မထု ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှုနှင့် လမ်းပုခုံးသားမြေဖိုခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက  လမ်းပုခုံးသားများကို စံချိန်စံညွှန်းပြည့်မီအောင်ဆောင်ရွက်ရေး၊ လမ်းဘေးဝဲယာတွင် ရေစီးရေလာကောင်းမွန်းစေရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)