ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးအဆောက်အဦများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးအသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းမှစ၍ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်ဦးစီးမှူး ဦးစောမောင်သန်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းတို့ ဦးဆောင်၍ မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်းရှိ မြို့နယ်ဌာနဆိုင်ရာရုံး အဆောက်အဦများတွင် မီးလောင်၊ မီးလန့်မှုများ မဖြစ်ပွားစေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတို့အတွက် လျှပ်စစ်မီးသွယ်တန်းသုံးစွဲနေမှု အခြေအနေများ၊ မီးငြိမ်းသတ်ရေးပစ္စည်းနှင့် မီးသတ်ဆေးဘူးများ ထားရှိဆောင်ရွက်ထားမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး မီးစနစ်တကျဂရုပြုသုံးစွဲရေး၊ အမှိုက်နှင့် လောင်စာများအား စနစ်တကျစွန့်ပစ်ရေး၊ ညအိပ်ချိန်ဖယောင်းတိုင်မီး၊ ခြင်ဆေးခွေများအား စနစ်တကျ သေချာစွာဂရုပြုငြိမ်းသတ်ရေး၊ သဲအိတ်၊ ရေအိတ်များ၊ မီးချိတ်၊ မီးကပ်များ စနစ်တကျထားရှိရေးနှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက သက်ဆိုင်ရာ မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီအကြောင်းကြားရေးတို့ကို သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများအား ဆွေးနွေးပြောကြားပေးလျက်ရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်ရှိရာ မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာရုံးများအပြင် ရပ်ကွက်များတွင်လည်း ယခုကဲ့သို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးအသိပညာပေးခြင်းနှင့် အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေယံ (ပြန်/ဆက်)