ပခုက္ကူ ဇန်နဝါရီ ၂၈
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး)ဘော်လီဘောအားကစားပြိုင်ပွဲ ဗိုလ်လုပ်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က အဆိုပါ တက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားရုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ ဘာသာရပ်ပေါင်းစုံ ဘောလီဘောအားကစားပြိုင်ပွဲ(အမျိုးသား)ဗိုလ်လုပွဲအဖြစ် ရူပဗေဒဌာနအသင်းနှင့် ညွှန့်ပေါင်းအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ရူပဗေဒဌာနအသင်းက နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ (အမျိုးသမီး)ဗိုလ်လုပွဲအဖြစ် မြန်မာစာဌာနအသင်းနှင့် ညွှန့်ပေါင်း(က)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ညွှန့်ပေါင်း(က)အသင်းက နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြသည်။
ထို့နောက် ပခုက္ကူတက္ကသိုလ်၊ ဘာသာရပ်ပေါင်းစုံ(အမျိုးသား၊ အမျိုးသမီး)ဘောလီဘောအားကစားပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုများနှင့် တစ်ဦးချင်းဆုရရှိသူများအား ခေတ္တပါမောက္ခချုပ် ဒေါက်တာ တင်ထွန်းအောင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)