အထက်မင်းလှ ဇန်နဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင်များကို ထုတ်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိ လူမှုရေးပင်စင်များကို ယမန်နေ့ နံနက် (၁၁) နာရီက မြန်မာ့စီးပွားရေးဘဏ်တွင် ထုတ်ပေးလျက်ရှိသည်။
ထိုသို့ ထုတ်ပေးရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အဘိုးအဘွားတစ်ဦးလျှင် လူမှုရေးပင်စင် တစ်လလျှင် (၁၀,၀၀၀/-) ကျပ်နှုန်းဖြင့် အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွား (၇၃၇) ဦးအတွက် ငွေကျပ် ( ၅၀,၂၅၀,၀၀၀/-) ကို နိုင်ငံတော်မှ ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)