ရွှေတောင် ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးထက်နိုင်ဦးဦးဆောင်၍ ကြာနီကန်ရပ်ကွက်၊ အခြေခံပညာအထက်တန်း (ကြာနီကန်) တွင် ယမန်နေ့ နေ့လယ်ပိုင်းက စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြော သရုပ်ပြသခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဒုတိယမီးသတ်ဦးစီးမှူး ဦးထက်နိုင်ဦးက ဆရာ/ဆရာမ များနှင့် ကျောင်းသား/ ကျောင်းသူလေးများကို မီးဘေးဆိုင်ရာအသိပညာများ စိမ့်ဝင်ပျံနှံစေရေးအတွက် မီးဘေးအသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူးရုံမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးထက်နိုင်ဦးနှင့် တပ်ဖွဲ့ဝင်များက ကျောင်းသား/ကျောင်းသူလေးများအား မီးဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မီးသတ်ဆေးဘူးဖြင့် ကိုယ်တိုင်လက်တွေ့သရုပ်ပြသခြင်း၊ မီးသတ်ယာဥ်များဖြင့် ရေထွက်သရုပ်ပြသခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)