မိုင်းပျဉ်းမြို့ ကျောင်းလုံပရယတ္တိစာသင်တိုက်၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

မိုင်းပျဉ်း ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ ကျောင်းလုံပရိယတ္တိစာသင်တိုက်တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါ  ဘုန်းတော်ကြီးကျောင်း၌ ကျင်းပကြောင်း သိရသည်။

မိုင်းပျဉ်းမြို့ ကျောင်းလုံပရိယတ္တိစာသင်တိုက်တွင် သံဃာတော်များ ပရိဝါသ်ဆောက်တည်ပွဲကို  နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့ရာ ယခုနှစ်တွင် (၁၇−၁−၂၀၂၅) ရက်နေ့မှ (၂၈−၁−၂၀၂၅) ရက်နေ့အထိ (၁၀) ရက်တိုင်တိုင်ကျင်းပခဲ့ပြီး ယနေ့တွင် နောက်ဆုံးနေ့အဖြစ် မြို့ပေါ် ကျေးရွာဘုန်းကြီး‌ကျောင်းများမှ သံဃာ‌တော်အပေါင်းတို့အား ဆွမ်းဆန်စိမ်းများနှင့် လှူဖွယ်အစုစုတို့ကို အလှူရှင်၊စေတနာရှင်များမှ သဒ္ဓါတတ်အားသရွေ့ သွားရောက်လှူဒါန်းကြရာ လွန်စွာစည်ကားသိုက်မြိုက်ကြောင်း သိရသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအပြီးတွင် ဆရာတော်၊ သံဃာတော်များ ပရိဝါသ်ဆောက်တည်ပွဲ ရေစက်ချအခမ်းအနား ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရသည်။

နန်းသန္တာဦး  (ပြန်/ဆက်)