ရေနံချောင်းမြို့နယ်၌ အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင် (၃၀) ကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချ

ရေနံချောင်း ဇန်နဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင် (၃၀) ခုကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးတွင် ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့က သိရသည်။

ထိုသို့ လေလံတင်ရောင်းချရာတွင် လမ်းဘေးဈေးကောက်လိုင်စင်ကို ကြမ်းခင်းဈေးငွေကျပ် (၆၅.၉၅) သိန်းဖြင့် ရောင်းချခဲ့ရာ လေလံကြေးငွေကျပ် သိန်း (၇၀) ဖြင့် လုပ်ငန်းရှင်တစ်ဦးမှ ဆွဲဝယ်ခဲ့ပြီး လုပ်ငန်းလိုင်စင် (၂၇) ခုအား ငွေကျပ် (၃၄၂၆) ဒသမ (၁၁) သိန်းဖြင့် သက်တမ်းတိုး ဆောင်ရွက်ခဲ့သည်။

အဆိုပါ သက်တမ်းတိုးစနစ်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းလိုင်စင်များမှာ မြို့မအမဲလိုင်စင်နှင့် ကျေးလက်အမဲလိုင်စင် (၁၀) ခု၊ ဆိတ်သားလိုင်စင် () ခု၊ ဝက်ခုံ (၃) ခု၊ အပေါင်ဆိုင်လိုင်စင် () ခု၊ ကူတို့လိုင်စင် () ခု၊ ဈေးကောက်လိုင်စင် () ခု၊ ဈေးအိမ်သာနှင့် ဆိုင်ကယ်အပ်နှံခွင့် ကောက်လိုင်စင် () ခုတို့ဖြစ်သည်။

ထို့ပြင် ကျန်ရှိနေသော လုပ်ငန်းလိုင်စင်များဖြစ်သည့် ဆိပ်ကမ်းကောက်လိုင်စင်နှင့် ကျွဲ၊ နွားပွဲ ဈေးကောက် လိုင်စင် () ခုကို ဈေးပြိုင်စနစ်ဖြင့် ကြမ်းခင်းဈေးငွေကျပ် (၂၃၇) ဒသမ (၆) သိန်းဖြင့် ဆက်လက်လေလံတင်ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်