ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အကြို အထိမ်းအမှတ်အဖြစ် စာဖတ်ဝိုင်း ကျင်းပ
Jan 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှဗဟုသုတများစွာရရှိစေရန်နှင့် စာပေကို ပိုမိုရင်းနှီးကျွမ်းဝင်မှုရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)နှင့် စာပေဥယျာဉ်အသင်း(Book Club)တို့ပူးပေါင်း၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် စာရေးဆရာကိုကိုလေး ရေးသားထားသည့် ပင်လုံ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျင်းပခဲ့ကြောင်း သိရသည်။