သတင်းများ

ပွဲကုန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Jan 28,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပွဲကုန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်တန်းမြို့နယ် ၊ မီးဘေးအန္တရာယ်လုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး၍ အသိပညာ​ပေးဆောင်ရွက်
Jan 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ မီးဘေးအန္တရာယ်လုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး၍ အသိပညာ​ပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်တွင် ကျောက်တန်းမြို့၊ အောင်မိုးခိုင်ဂဏန်းပျော့မွေးမြူရေးလုပ်ငန်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
တောင်ဥက္ကလာပမြို့နယ်၌ ကျောင်းအခြေပြုသွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jan 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရန် ယနေ့နံနက်(၁၀း၀၀)နာရီအချိန်က အမှတ်(၅)ရပ်ကွက် အမှတ်(၇)အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းအခြေပြုသွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book CLub) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ
Jan 28,2025
ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့မွန်းတည့် (၁၂) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
သဲကုန်းမြို့တွင် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jan 28,2025
ရာသီဥတုပြောင်းလဲမှုအကျိုးအဆက်များ၊ သဘာဝဘေးအန္တရာယ်များ၊ မီးခိုး/မြူငွေ့အန္တရာယ်များစသည်တို့ကို သိရှိနားလည်စေရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်​နိုင်ရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မီးခိုးမြူငွေ့လျှော့ချရေး၊ လေထုညစ်ညမ်းမှု‌လျှော့ချ‌ရေးနှင့် သစ်တောသစ်ပင်များမှရရှိနိုင်သော အကျိုး‌ကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲကို မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ယနေ့မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)ရှိ သာဓုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သထုံမြို့နယ်၌ KG ကျောင်းသားကျောင်းသူများအား ကျောင်းတွင်း နေ့လယ်စာအာဟာရကျွေးမွေးခြင်းဆောင်ရွက်
Jan 28,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်ကျောင်းကျန်းမာရေးကော်မတီ၏ စီမံမှုဖြင့် KG ကျောင်းသားကျောင်းသူများအား ကျောင်းတွင်းနေ့လယ်စာအာဟာရကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက သိမ်ကုန်းရပ်ကွက်ရှိ ညောင်ဝိုင်းအခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ အားကစားနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကျင်းပ
Jan 28,2025
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရန်နှင့် လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောသရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ KG ကျောင်းသား/ ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်
Jan 28,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ KG ကျောင်းသား/ ကျောင်းသူတစ်ဦးအတွက် တစ်နေ့တာစွမ်းအင်လိုအပ်ချက်၏ အနည်းဆုံး (၃၀) ရာခိုင်နှုန်း၊ (၅၅၅) ကီလိုဂရမ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အစီအစဉ်ကို ယနေ့နံနက် (၁၁) နာရီက အဆိုပါကျောင်းရှိ နှင်းဆီဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။