ဟိုပုံးမြို့နယ်တွင် ရေဘေးသင့်ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် ကူညီကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Sep 22,2024
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စက်တင်ဘာ ၁၁ ရက်နေ့တွင် မြို့ပေါ်ရပ်ကွက် (၆)ခုနှင့် ကျေးရွာပေါင်း (၄၀) ကျော်တို့တွင် တောင်ကျရေများ ဝင်ရောက်ခဲ့ပြီး လူနေအိမ်များ၊ စာသင်ကျောင်းများ၊ လမ်းတံတားများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လူမှုကူညီရေးအသင်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပအလှူရှင်များဖြင့် ပူးပေါင်းကာ ရေဘေးသင့်ပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် ကူညီကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။