သတင်းများ

ဟိုပုံးမြို့နယ်တွင် မဲနယ်တောင်ဒေသရှိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပြို၍ လမ်းများပိတ်ဆို့နေမှုများအား ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကွင်းဆင်းကြည့်ရှု စစ်ဆေး
Sep 23,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးကြီး ဦးနေဝင်းအောင်သည် စက်တင်ဘာလ ၁၀ ရက်နေ့မှစ၍ မိုးများသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ ထိုးဆင်း၊ တိုက်စားမှုကြောင့် မဲနယ်တောင်ဒေသရှိ စံဖူး-နမ့်ခုတ်-ရွာသစ်လမ်းများ ပိတ်ဆို့မှုဖြစ်ပွားခဲ့သဖြင့် တောင်ပြိုမြေဖယ်ရှားရှင်းနေမှုကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
မိတ္ထီလာမြို့နယ် မကျီးကုန်းကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Sep 23,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် မကျီးကုန်းကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်၌ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သော ကျေးရွာချင်းဆက်လမ်းများအား ပြန်လည်ပြုပြင်ဆောင်ရွက်
Sep 23,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် စက်တင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ပန်းလောင်မြစ်ရေဝင်ရောက်မှုတို့ကြောင့် လမ်းကြောင်းပြတ်တောက်ပျက်စီးသွားသည့် ကျေးလက်လမ်းများအား ကျေးလက်နေပြည်သူများ လတ်တလော သွားလာရေး အဆင်ပြေစေရန် မြို့နယ်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြန်လည်ပြုပြင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သာစည်မြို့နယ်၌ ရေကြီးရေလျှံခဲ့မှုကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ နှောင့်နှေးမှုမရှိစေရန် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့်ပြည်သူများအား ဆန်ရေရိက္ခာ ထောက်ပံ့
Sep 23,2024
မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် ရာဂီမုန်တိုင်းအကြွင်းအကျန်မိုးတိမ်များကြောင့် စက်တင်ဘာ ၁၀ ရက်နေ့မှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံခဲ့မှု‌များ ဖြစ်ပေါ်ခဲ့ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ နှောင့်နှေးမှုမရှိစေရန် စက်တင်ဘာ ၂၁ ရက်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့်အဖွဲဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့်ပြည်သူများအား ရိက္ခာများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင်တွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်သော စပါးသီးနှံစိုက်ခင်းများ ပြန်လည်ပြုစုထိန်းသိမ်းရာတွင် ဆောင်ရွက်ရမည့် နည်းလမ်းများအား အသိပညာပေး ကွင်းဆင်းဆောင်ရွက်
Sep 23,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေများဝင်ရောက်မှုကြောင့် လယ်ယာမြေများတွင် ရေများဝင်ရောက်ခဲ့ရာ ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်သော စပါးသီးနှံ စိုက်ခင်းများ ပြန်လည်ပြုစုထိန်းသိမ်းရာတွင် ဆောင်ရွက်ရမည့်နည်းများအား အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်စိုက်ပျိုးရေးဦးစီးဌာနှင့် သက်ဆိုင်ရာမြို့နယ်များမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ဥက္ကဋ္ဌ H.E. Cardinal Charles Bo(ကာဒီနယ် ချားလ်စ်ဘို) နှင့် ဂိုဏ်းအုပ်ဆရာတော်များအား ဂါရဝပြုတွေ့ဆုံ
Sep 23,2024
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ စိန့်ဖရန့်စစ် ဇေးဗီးယဲကက်သလစ်ဘုရားရှိခိုးကျောင်း၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဋ္ဌ H.E. Cardinal Charles Bo(ကာဒီနယ် ချားလ်စ် ဘို)နှင့် ဂိုဏ်းအုပ်ဆရာတော်များအား ဂါရဝပြုသွားရောက်တွေ့ဆုံခဲ့သည်။
ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာအုပ်စုတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ခြင်းနှင့်ကော်ဖီသီးနှံပင်စိုက်ပျိုးပွဲဆောင်ရွက်
Sep 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာအုပ်စုတွင်သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ခြင်းနှင့်‌ ကော်ဖီသီးနှံစိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်း ကငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာအုပ်စု၊ ငရုတ်ကောင်းတောင်ကျေးရွာ ကွင်းအမှတ် ကျိုးဝိုင်းကွင်း/မြစ်တရာကြိုးဝိုင်း၊ အကွက်အမှတ် (၂၂၇) ရှိ တောင်သူ‌ဒေါ်ပဲကြီး၏ လယ်ယာမြေ (၅) ဧက၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ခြင်း‌ ဆောင်ရွက်ပြီး၊ ကွင်းအမှတ် (၆၂၇/၂) ရှိတောင်သူဒေါ်စန်းစန်းရီ၏ လယ်ယာမြေ (၃) ဧက၌ကော်ဖီသီးနှံတစ်ထောင်ပင်အား စိုက်ပျိူးခဲ့ကြသည်။
တောင်ငူမြို့၊ ရေဘေးသင့်ပြည်သူများအား မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌမှ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ လာရောက်လှူဒါန်း
Sep 22,2024
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက တောင်ငူမြို့ ၊ အမှတ် (၄) ရပ်ကွက်၊ စခန်းအမှတ်စဥ် (၁) ရေဘေးရှောင်စခန်းရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ လာရောက်လှူဒါန်းသည်။