ပိုင်ကျုံမြို့ရုံးတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (Book Club) အဖွဲ့ဝင်များ  စာဖတ်ဝိုင်း ဆွေးနွေးပွဲ ဆောင်ရွက်

ပိုင်ကျုံ ဇန်နဝါရီ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများ အသင်း(Book Club) အသင်းအဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာ ခေတ်ဘုန်းသစ် ရေးသားသည့် သင်ယူနေတဲ့ကလေးတွေ စာအုပ်ဖြင့် ဇန်နဝါရီလ ၂၇ ရက်နေ့က စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြိုဦးစီးမှူးဒေါ်နော်ခူးခူးက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ် ချက်နှင့်စာအုပ်ပါ အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး (Book Club) အဖွဲ့ဝင်ဒေါ်အယ်ရှီးလာက စာအုပ်ပါအကြောင်းအရာတစ်ခုဖြစ်သည့် ပိုက်ဆံ၊ ပိုက်ဆံဘယ်လိုသုံးမလဲ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နော်မေရှင်းက ဗီဒီယိုဂိမ်းကစားတာ အန္တရာယ်ရှိသလားခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ပြီးနောက် ဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့် အဖွဲ့ဝင်များတို့မှ မိမိတို့သိရှိသည့် အသိပညာများကို အပြန်အလှန် ဆွေးနွေးခဲ့သည်။

ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်ပါအကြောင်းအရာများကို စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခြင်းကြောင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင်များအနေဖြင့် အသိပညာဗဟုသုတများစွာ ရရှိလာပါကြောင်း အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

နော်ခူး(ပြန်/ဆက်)