ချောက်မြို့ အ.ထ.က(၂)ကျောင်း၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးသင်တန်းကျောင်းတက်ရောက်နိုင်ရေး အသိပညာပေးဟောပြော

ချောက် ဇန်နဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ Grade - 9 အောင်မြင်ပြီး ကျောင်းသား/သူများအားလုံး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးသင်တန်းကျောင်းသို့ တက်ရောက်နိုင်‌ကြောင်းနှင့် စက်မှု၊ စိုက်ပျိုး၊မွေး မြူရေးသင်တန်းကျောင်းနှင့်ပတ်သက်သည့်အကြောင်းအရာများကို ခရိုင်ပညာရေးမှူး ဦးမန်းအောင်က ကျောင်းသား/သူများအား ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က (၂) ကျောင်း၌ အသိပညာပေးဟောပြောခဲ့သည်။

ရှေးဦးစွာ ခရိုင်ပညာရေးမှူးဦးမန်းအောင်က ၂၀၂၄-၂၀၂၅ ခုနှစ် အခြေခံပညာအလယ်တန်းအဆင့် Grade-9  အောင်မြင်သည့် ကျောင်းသား/သူများအ‌နေဖြင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးသင်တန်းကျောင်း(ဂွေးချို)တွင် အ‌ခြေခံပညာထက်တန်းအဆင့်၊ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးသင်တန်းများတက်ရောက်နိုင်‌ကြောင်း၊ အ‌ခြေခံပညာထက်တန်းအဆင့်(တက္ကသိုလ်ဝင်တန်း)အောင်မြင်ပါက အသက်မွေးဝမ်း‌ကျောင်းတက္ကသိုလ်၊ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များသို့ တက်ရောက်နိုင်ကြောင်း၊ စက်မှုသင်တန်းတွင်အထူးအောင်မြင်ပါက နည်းပညာတက္ကသိုလ်(အင်ဂျင်နီယာဘွဲ့-၆နှစ်)၊ အစိုးရနည်းပညာကောလိပ်(နည်းပညာဘွဲ့-၄ နှစ်)တက်ရောက်နိုင်ပြီး စက်မှုသင်တန်းတွင် အဆင့်မီပါက အစိုးရစက်မှုလက်မှုသိပ္ပံ (အင်ဂျင်နီ ယာနည်းပညာဒီပလိုမာ-၃နှစ်) တက်ရောက်နိုင်ကြောင်း၊ စိုက်ပျိုးရေးသင်တန်းတွင်အထူးအောင်မြင်ပါက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်(စိုက်ပျိုးရေးသိပ္ပံဘွဲ့-၅နှစ်) တက်ရောက်နိုင်ပြီး  စိုက်ပျိုးရေးသင်တန်းတွင် အဆင့်မီအောင်မြင်ပါက စိုက်ပျိုးရေးသိပ္ပံ(စိုက်ပျိုးရေးဒီပလိုမာ-၃နှစ်)၊ အစိုးရစက်မှုလက်မှုသိပ္ပံ(စက်မှုလယ်ယာနည်းပညာဒီပလိုမာ-၃နှစ်) တက်ရောက်နိုင်ကြောင်း၊ မွေးမြူရေးသင်တန်းတွင် အထူးအောင်မြင်ပါက မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် (တိရိစ္ဆာန်ဆေးပညာဘွဲ့-၆နှစ်)၊ (မွေးမြူရေးပညာဘွဲ့-၄နှစ်) တက်ရောက်နိုင်ပြီး မွေးမြူရေးသင်တန်းတွင် အဆင့်မီအောင်မြင်ပါက စိုက်ပျိုးရေးသိပ္ပံ(မွေးမြူရေးဒီပလိုမာ-၃နှစ်)၊ ငါးလုပ်ငန်းသိပ္ပံ(ငါးလုပ်ငန်းသိပ္ပံဒီပလိုမာ-၃နှစ်)တက်ရောက်နိုင်ပြီး သင်တန်းအသီးသီးတွင် သင်တန်းပြီးမြောက်အောင် တက်ရောက်ပြီးပါက လုပ်ငန်းခွင်အသီးသီးသို့ ၀င်ရောက်နိုင်ကြောင်း ကျောင်းသား/သူများသိရှိစေရန် ရှင်းလင်းဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲသို့ အ.ထ.က(၂)ကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ အလယ်တန်းအဆင့် ကျောင်းသား/သူများ စုစုပေါင်း ၃၀၀ ဦး တက်ရောက်ခဲ့‌ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)