ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အကြို အထိမ်းအမှတ်အဖြစ် စာဖတ်ဝိုင်း ကျင်းပ

ရန်ကုန် ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှဗဟုသုတများစွာရရှိစေရန်နှင့် စာပေကို ပိုမိုရင်းနှီးကျွမ်းဝင်မှုရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)နှင့် စာပေဥယျာဉ်အသင်း(Book Club)တို့ပူးပေါင်း၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် စာရေးဆရာကိုကိုလေး ရေးသားထားသည့် ပင်လုံ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ()နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်) လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်း၊ အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်း(Book Club)နာယက ရန်နောင်(ပညာရေး)နှင့် စာရေးဆရာအသင်းဥက္ကဋ္ဌဦးတော်မြင့်(ငှက်ဖျား)တို့က အမှာစကားအသီးသီးပြောကြားပြီး အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်း(Book Club)ဥက္ကဋ္ဌဦးဘိုကြည်(ဒေါက်တာ ဗိုလ်သံမဏိ-တောင်တွင်းကြီး)က (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာရေးဆရာ ကိုကိုလေး ရေးသားထားသည့် ပင်လုံစာအုပ်တွင် ပါရှိသည့် အကြောင်းအရာများကို စာရေးဆရာများဖြစ်ကြသည့် လှလှမြင့်(အင်းစိန်)၊ ဦးသန်းထိုက်ရွှေ(ရွှေမော် သန်းထိုက်)၊ ချစ်ရှား(အမြင်သစ်စာကြည့်တိုက်)၊ ရွှေဘုတ်(အင်းစိန်)နှင့် ရန်မိုးအောင်(အင်းစိန်)တို့က အသီးသီးဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် စိန်ညိုမင်း(ထန်းတပင်)၊ သက်လှိုင်မျိုး(စက်မှုတက္ကသိုလ်)နှင့် တက်ရောက်လာကြသူများက အပြန်အလှန်ပြန်လည် ဆွေးနွေးခဲ့ကြပြီးနောက် အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်း (Book Club)နာယက ဦးသက်တင် (မောင်သာတင့်)က နိဂုံးချုပ်စကားပြောကြားပြီး ဦးဆောင်ဆွေးနွေးသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်း(Book Club)မှ တာဝန်ရှိသူများ၊ စာပေဝါသနာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး စာဖတ်ဝိုင်းကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)