ငါန်းဇွန် ဇန်နဝါရီ ၂၉
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ် (၁) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ Grade-5 ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုပါသည် စုံညီပွဲတော်”သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်လှယမင်းနွယ်က အမှာစကားပြောကြားခဲ့သည်။
ထို့နောက် အမှတ်(၁)အ.မ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိခိုင်က အခမ်းအနားသို့ တက်ရောက်လာသူများအား ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ၂၀၂၄ ခုနှစ် အတန်းအလိုက် (ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသူ ကျောင်းသား/သူများ၊ကျောင်းတွင်း အားကစားပွဲများတွင် (ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများ၊ ဉာဏဆုရ၊ ကာယဆုရ ကျောင်းသား၊ ကျောင်းသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ငါန်းဇွန်မြို့နယ်ရုံးမှ ကျင်းပပြုလုပ်ခဲ့သော ကဗျာရွတ်ဆို၊ စကားပုံဆက်နှင့် ပန်းချီပြိုင်ပွဲများတွင် (ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသူ ကျောင်းသား/သူများအား ဒုတိယမြို့နယ်ပညာရေးမှူး၊ အမှတ် (၁) အ.မ.က ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ငါန်းဇွန် အ.ထ.က ကျောင်းအုပ်ဆရာကြီး ဦးအောင်မျိုးဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နေခြည်ဦး၊ ကျောင်းသားမိဘများနှင့် ကျောင်းအကျိုးတော်ဆောင်များက ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော်များဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး “တို့ကျောင်းတော်” သီချင်းဖြင့် စုံညီပွဲတော်အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ အမှတ်(၁)အ.မ.က ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
သက်နောင်ဦး(ငါန်းဇွန်)