တံတားမြို့၊ လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်ပြပွဲခင်းကျင်းပြသ

တံတား ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြည်သူများ အသိပညာဗဟုသုစာကြည့်တိုက်အား အသုံးပြုတက်စေရန် ရည်ရွယ်၍ ယနေ့ နံနက်(၉)နာရီအချိန်က စာအုပ်ပြပွဲကို ခင်းကျင်းပြသဆောင်ရွက်ခဲ့သည်။

အဆိုပါစာအုပ်ပြပွဲတွင် အတ္ထုပ္ပတ္တိစာအုပ်များ၊ နိုင်ငံရေးစာပေများ၊ မြန်မာ့သမိုင်းကြောင်းများ၊ အတွေးအခေါ် ဒဿနိကစာအုပ်များ၊ ဆေးပညာစာအုပ်များ၊ စိုက်ပျိုးမွေးမြူရေးနည်းပညာစာအုပ်များ၊ အနုပညာရပ်များ၊ ဘာသာရေးစာအုပ်များ၊ ဘာသာစကားများ၊ အဘိဓာန်စာအုပ်များ၊ စာပေဗိမာန်စာမူဆုရစာအုပ်များ၊ ဘာသာပြန်ဝတ္ထုများ၊ မဂ္ဂဇင်းများ၊ ဂျာနယ်များ၊ ကာတွန်းရုပ်ပြများ၊ ကလေးစာပေများ စသည့်စိတ်ဝင်စားဖွယ် အထွေထွေဗဟုသုတစာအုပ်များစွာကို ခင်းကျင်းပြသထားရာ ပြည်သူများစိတ်ပါဝင်စားစွာ လာရောက်လေ့လာကြည့်ရှု၍ ငှားရမ်းခဲ့ကြသည်။

ထိုကဲ့သို့ လစဥ်စာအုပ်ပြပွဲကို ခင်းကျင်းပြသရခြင်းမှာ ပြည်သူများအား “ဗလငါးတန်ဖွံ့ဖြိုးဖို့ စာအုပ်စာပေလေ့လာစို့” ဆောင်ပုဒ်နှင့်အညီ အသိပညာဗဟုသုတများ ဖွံ့ဖြိုးမြင့်မားလာစေရန်၊ စာဖတ်ဝါသနာကို ပျိုးထောင်ပေးရန်၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိခံစားနိုင်စေရန် အသစ်ရောက်ရှိသော စာအုပ်များဖြင့် မိတ်ဆက်ပေးရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ပန်ဆုပြည့် (ပြန်/ဆက်)