ညောင်ဦး ဇန်နဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၌ ပတ်ဝန်းကျင်ဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကို ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညောင်ဦးခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက အဖွင့်အမှာစကားပြောကြားပြီး၊ မန္တလေးတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၊ အတွင်းရေးမှူး ဦးကျော်အောင်မိုး က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အခြေအနေများအား Power Point ဖြင့် ရှင်းလင်းပြောကြားပြီးနောက် ညောင်ဦးခရိုင် ပတ်ဝန်း ကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီအတွင်းရေးမှူး ဒေါ်ခင်တင့်တင့်အောင်က ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြကာတက်ရောက်လာသည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ တက်ရောက်လာသည့် အရပ်ဘက်အဖွဲ့အစည်းများက အကြံပြုဆွေးနွေးကြသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆွေးနွေးမှုများအပေါ် ဆုံးဖြတ်ချက်များချမှတ်ကာ အစည်းအဝေး အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဦးကျော်အောင်မိုး၊ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်၊ ဖိတ်ကြားထားသည့် အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း