ကျိုင်းတုံမြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုများ လျှော့ချရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ကျိုင်းတုံ ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုူ လျှော့ချရေးဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်‌‌ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဆွေးနွေးပွဲတွင် ကျိုင်းတုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုးဝေက အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူ၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် လယ်/ယာကွက်များတွင် ကောက်ရိုးများ မီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်း၊ တောမီးရှို့ခြင်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့များကြောင့်  ထိခိုက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးအတွက် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ လိုက်နာခြင်း မရှိသူများအား ဥပဒေနှင့်အညီ ဆောင်ရွက်မည့် အခြေအနေများ၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုူ လျှော့ချရေးဆိုင်ရာ ကိစ္စရပ်များကို ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများအား ဆွေးနွေးပြောကြားကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)