ဘိုကလေးမြို့နယ်တွင် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အစီအစဉ် စတင်ဆောင်ရွက်

ဘိုကလေး ဇန်နဝါရီ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဘိုကလေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အစီအစဉ်စတင်ဆောင်ရွက်သည်။

အဆိုပါ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းအစီအစဉ်သည် အခြေခံပညာကျောင်းများမှ KG ကလေးငယ်များအား အာဟာရဖွံ့ဖြိုးစေရေးအတွက် လိုအပ်သည့်အာဟာရများ အထောက်အပံ့ဖြစ်ရာ အစားအစာများ ကျွေးမွေးခြင်းဖြစ်ပြီး ဘိုကလေးမြို့ပေါ်ရှိ ကျောင်းများ၌ ယနေ့ ဇန်နဝါရီ(၂၈)ရက်၊ ဖေဖော်ဝါရီ (၃)ရက်နှင့် (၇)ရက်၊ ကျေးရွာအုပ်စုများရှိ ကျောင်းများ၌ ဖေဖော်ဝါရီ (၃)ရက်၊ (၇)ရက်နှင့် (၁၀)ရက်၊ စုစုပေါင်း (၃)ကြိမ်စီ ကျွေးမွေးသွားမည်ဖြစ်ပြီး ယနေ့ဘိုကလေးမြို့ပေါ်ရှိ ကျောင်းများတွင် အာဟာရကျွေးမွေးနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ဘိုကလေးမြို့နယ်အနေဖြင့် အာဟာရကျွေးမွေးရန် မြို့နယ်တွင်းရှိ ကျောင်းပေါင်း (၄၈၇)ကျောင်းမှ KG ကလေးငယ် စုစုပေါင်း (၅၈၁၇)ဦးရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)