လသာမြို့နယ်၌ ဈေးရောင်းပွဲတော်နှင့် ရိုးရာခြင်္သေ့အကတေးဂီတဖျော်ဖြေပွဲကျင်းပ

လသာ  ဇန်နဝါရီ  ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် စျေးရောင်းပွဲတော်နှင့်ရိုးရာခြင်္သေ့အကတေးဂီတဖျော်ဖြေပွဲတော်ကို လသာလမ်းမကြီးပေါ်၌ စည်ကားစွာကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းပွဲတော်နှင့် ရိုးရာခြင်္သေ့အကတေးဂီတာဖျော်ဖြေပွဲတွင် ဂီတအနုပညာရှင်များက တေးသီချင်းများဖြင့်ဖျော်ဖြေခြင်း၊ ရိုးရာခြင်္သေ့အကအဖွဲ့မှလည်း သရုပ်ဖော်အကအလှများနှင့်ဖျော်ဖြေခြင်း၊ အမှတ်တရ ပစ္စည်းဆိုင်များ၊ အ၀တ်အထည်ဆိုင်များ၊ အရုပ်ဆိုင်များ၊ အလှကုန်ဆိုင်များ၊ စားသောက်ဆိုင်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

နန်းသဲနုအောင်(ပြန်/ဆက်)