သတင်းများ

မင်းဘူး(စကု)မြို့နယ်အတွင်း လေပြင်းဘေးကြိုတင်ကာကွယ်ရေးနှင့် အိုးအိမ်ဖြည့်တင်းပြင်ဆင်ခြင်းလုပ်ငန်းများ ပြုပြင်ဆောင်ရွက်ပေး
Jan 29,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မင်းဘူးခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးက မိုးဦးကာလများဖြစ်သော ဧပြီလနှင့် မေလများ၌ နှစ်စဉ်ဖြစ်ပွားလျက်ရှိသည့် လေပြင်းဘေးအန္တရာယ်များနှင့်ပတ်သက်၍ လေပြင်းဒဏ်ခံနိုင်သော ရပ်ရွာအသိုက်အဝန်း တစ်ခုဖြစ်စေရန်၊ လေပြင်းဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် အိုးအိမ်ဖြည့်တင်းပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ် ဖျော်ဖြေတင်ဆက်
Jan 29,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ယမန်နေ့ညပိုင်းက နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ဖျော်ဖြေတင်ဆက်မှုကို ဒေသခံပြည်သူများက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ပညာရေးဒီဂရီကောလိပ်(စစ်ကိုင်း)တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jan 29,2025
စစ်ကိုင်းခရိုင်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ပန်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပညာရေးဒီဂရီကောလိပ်(စစ်ကိုင်း)မြဧရာခန်းမ၌ ကျင်းပပြုလုပ်သည်။
ပန်းဘဲတန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် Book Club အဖွဲ့နှင့်ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ
Jan 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က Book Club အဖွဲ့နှင့် ပူးပေါင်း၍ စာဖတ်သူအကြိုက် စာရေးဆရာကြီး တင့်တယ်ရေးသားသည့် “တစ်ထောင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပကြောင်း သိရသည်။
ကျိုင်းတုံတက္ကသိုလ်၌ (၂၇)နှစ်မြောက် တက္ကသိုလ်နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကျင်းပ
Jan 29,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၌ (၂၇)နှစ်မြောက် တက္ကသိုလ်နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို ယမန်နေ့က အဆိုပါကျောင်းတွင် ကျင်းပသည်။
မိုင်းခတ်မြို့၌ (၇၈)နှစ်‌‌မြောက် ရှမ်းပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာစာကြည့်တိုက်အဆောက်အုံသစ် ဖွင့်ပွဲကျင်းပ
Jan 29,2025
(၇၈)နှစ်‌‌မြောက် ရှမ်းပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြု‌သောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ဝမ်ခုတ်ကျေးရွာအုပ်စု၊ ယန်းမိုင်(လားဟူ)ကျေးရွာ၌ နိုင်ငံတော်မတည်ငွေကျပ်သိန်း(၁၅၀) ဖြင့်တည်ဆောက်သည့် "လင်းရောင်ခြည်" စာကြည့်တိုက်အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပပြုလုပ်သည်။
နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင်ပြောပြိုင်ပွဲကျင်းပ
Jan 29,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့နယ်၌ တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနားသို့ တက်ရောက်
Jan 29,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လွယ်အွန့်ကျေးရွာအုပ်စု၊ ရန်ကင်းကျေးရွာစာကြည့်တိုက်တွင် ကျင်းပပြုလုပ်သည်။