သထုံ ဇန်နဝါရီ ၂၉
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် စဉ်ဆက်ပညာရေးလုပ်ငန်း ပြည်နယ်အဆင့်နည်းပြနှင့် ကြီးကြပ်(ဆင့်ပွား)သင်တန်းကို ဇန်နဝါရီ ၂၇ ရက်နံနက်မှစတင်ကာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။
သင်တန်းဖွင့်လှစ်ရာတွင် ဗဟိုအဆင့်သင်တန်း တက်ရောက်ပြီးစီးခဲ့သည့် နည်းပြများနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က သထုံမြို့နယ်နှင့် ပေါင်မြို့နယ်အတွင်းရှိ ဆရာ/ဆရာမ နည်းပြ ၁၄၃ ဦးတို့အား သတ်မှတ်ဘာသာရပ်အလိုက် (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မွန်ပြည်နယ်အတွင်း စာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးနောက်ကျေးလက်နေပြည်သူများ၊ တိုင်းရင်းသားပြည်သူများအတွက် စဉ်ဆက်မပြတ်ပညာရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်ရည်ရွယ်ကာ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းပြီးစီးပါက တက်ရောက်လာသည့်နည်းပြများက စဉ်ဆက်မပြတ်ပညာရေးလုပ်ငန်းများအဖြစ် ဖေဖော်ဝါရီ(၁)ရက်နေ့မှ မတ်လ(၃၁)ရက်နေ့ထိ သထုံမြို့နယ်နှင့် ပေါင်မြို့နယ်တို့မှ စာသင်ဝိုင်းအသီးသီးတို့ရှိ စာသင်သားတို့အား ဆက်လက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်