နတ်မောက် ဇန်နဝါရီ ၂၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိမှ ကလေးငယ်များအတွက် အသိပညာဗဟုသုတများတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးစေရန်နှင့် မိမိရုံးရှိပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မူလတန်းအဆင့်ကျောင်းသား/သူများက တစ်ကိုယ်ကောင်းဆန်သူ၊ ကျေးညီနောင်နှင့် ကြောင်နှင့်ကြွက်စသည့်ပုံပြင်များဖြင့် ကျောင်းသား/သူ(၅)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့်ကလေးငယ်များအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိက ဆုများကိုအသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။ အဆိုပါပုံပြင်ပြောပြိုင်ပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိဝန်ထမ်းများ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မူလတန်းအဆင့်ကျောင်းသား/သူလေးများနှင့် ဆရာမများတက် ရောက်ခဲ့ကြသည်။
လှဝင်း