ကျိုင်းတုံ ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၌ (၂၇)နှစ်မြောက် တက္ကသိုလ်နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို ယမန်နေ့က အဆိုပါကျောင်းတွင် ကျင်းပသည်။
ဦးစွာ ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာက အမှာစကားပြောကြားပြီး ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်များအလိုက် သုတေသနစာတမ်း ၂၆ စောင်အား စာတမ်းရှင်များက ဖတ်ကြားယှဉ်ပြိုင်ကြပြီး သင်ကြားရေးဌာန ၁၄ ခုမှ Theme စာတမ်းဆောင်ပုဒ်များ တင်သွင်းယှဉ်ပြိုင်ကြရာ အကောင်းဆုံဆုရရှိသည့် ဝိဇ္ဇာ၊ သိပ္ပံသုတေသနစာတမ်းနှင့် Theme စာတမ်းဆောင်ပုဒ် ဆုရရှိသူများကို ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုမျာပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)