မိုင်းခတ်မြို့၌ (၇၈)နှစ်‌‌မြောက် ရှမ်းပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာစာကြည့်တိုက်အဆောက်အုံသစ် ဖွင့်ပွဲကျင်းပ

မိုင်းခတ် ဇန်နဝါရီ ၂၉

(၇၈)နှစ်‌‌မြောက် ရှမ်းပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြု‌သောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ဝမ်ခုတ်ကျေးရွာအုပ်စု၊ ယန်းမိုင်(လားဟူ)ကျေးရွာ၌ နိုင်ငံတော်မတည်ငွေကျပ်သိန်း(၁၅၀) ဖြင့်တည်ဆောက်သည့် "လင်းရောင်ခြည်" စာကြည့်တိုက်အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ စာကြည့်တိုက်အဆောက်အအုံသစ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်စိုးလင်း၊ မြို့နယ်ပညာ‌ရေးမှူး ဦးလှမင်းနိုင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်နှင့် ယန်းမိုင်(လားဟူ‌)ကျေးရွာရပ်မိရပ်ဖ ဦးကျစီးတို့က စာကြည့်တိုက်အဆောက်အအုံသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်က အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံစာကြည့်တိုက်များ‌ဖောင်ဒေးရှင်း (ရှမ်းအရှေ့)မှ လှူဒါန်းသည့်စာအုပ်စာစောင်များအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းလတ်ကပေးအပ်ရာ ကျေးရွာသူကြီးဦးမောင်ဝေနှင့် ဦးကျဟားတို့က လက်ခံရယူကာ၊ ကျေးရွာစာကြည့်တိုက်ဆောက်လုပ်ရာတွင်လိုအပ်သည့် သဲ၊ကျောက်နှင့်ကျောက်ကြီးများလှူဒါန်းပေးသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှအဖွဲ့ဝင်များက စာကြည့်တိုက်အတွင်းကလေးများ စာပေဖတ်ရှုလေ့လာမှုကိုကြည့်ရှုအားပေးကာ ကလေးများအား အချိုရည်နှင့်မုန့်များ‌ပေးဝေခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)