စစ်ကိုင်း ဇန်နဝါရီ ၂၉
စစ်ကိုင်းခရိုင်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ပန်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပညာရေးဒီဂရီကောလိပ်(စစ်ကိုင်း)မြဧရာခန်းမ၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ပညာရေးဒီဂရီကောလိပ်(စစ်ကိုင်း) ကျောင်းအုပ်ကြီးဒေါ်မေမြတ်ခိုင်က အမှာစကားပြောကြားပြီး ခရိုင်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်ဝင်းရွှေက ဌာနဖြစ်ပေါ်လာပုံနှင့် အဓိကလုပ်ငန်းကြီး(၄)ရပ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်မိမိကျော်က လူငယ်နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမျိုးမင်းဇော်က ထင်းအစားအခြားလောင်စာသုံးစွဲရေး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲထက်အောင်က သစ်တောထိန်းသိမ်းရေးနှင့် ရေသယံဇာတထိန်းသိမ်းရေး ခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီးဆွေးနွေးပေးခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား အဆိုပါဌာနများမှ မိမိတို့ဌာနနှင့်သက်ဆိုင်သည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
နေလင်းအောင်( ပြန်/ဆက်)