ပန်းဘဲတန်း ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က Book Club အဖွဲ့နှင့် ပူးပေါင်း၍ စာဖတ်သူအကြိုက် စာရေးဆရာကြီး တင့်တယ်ရေးသားသည့် “တစ်ထောင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် Book Club အဖွဲ့ဝင် စာရေးဆရာမ တင့်တယ်ခင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာကျော်က စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေမှတစ်ဆင့်အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး ဆရာကြီး တင့်တယ် ရေးသားသည့် “တစ်ထောင်”စာအုပ်ကို ဆရာမ တင့်တယ်ခင်က ဖတ်ကြားပြီး တက်ရောက်လာကြသည့် စာရေးဆရာ၊ ဆရာမများက အပြုသဘောဆောင်သည့် ဆွေးချက်များဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပန်းဘဲတန်းမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်သူအကြိုက်စာအုပ်များဖြင့် စာဖတ်ဝိုင်းများကို လစဉ်တစ်လ(၁)ကြိမ် ကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် စာအုပ်စာပေချစ်မြတ်နိုးသူမည်သူမဆို တက်ရောက်ဆွေးနွေးနိုင်ကြောင်း သတင်းရရှိသည်။
ဥမ္မာကျော်(ပန်းဘဲတန်း)