ဇလွန် ဇန်နဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် အခြေခံအိမ်ထောင်စုများအား ကြက်ဥများကို သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက် ၈ နာရီတွင် မြို့မဈေးသစ်တွင် ရောင်းချပေးခဲ့သည်။
အခြေခံအိမ်ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကြက်ဥများအားသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရာတွင် အခြေခံစားသောက်ကုန် ပစ္စည်းများအား ကုန်ဈေးနှုန်း တည်ငြိမ်စေရန်အတွက် ကြက်ဥတစ်လုံးလျှင် (၃၇၀)ကျပ်နှုန်းဖြင့် ကြက်ဥအလုံး(၂၀၀၀)ကို လိုအပ်သလို ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဝေယံ - ဇလွန် ( ပြန် /ဆက် )