ကော့မှူး ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် "မရှိ၍ မလင်းသူ မရှိစေရ" ကုသရေးအစီအစဉ်တွင် မျက်စိခွဲစိတ် ကုသရမည့်မျက်စိဝေဒနာရှင်လူနာများ ဆေးရုံတက်ရောက်ကုသနိုင်ရန် ကော့မှူးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဦးဆောင်၍ ဗဟန်းအမျိုးသမီးဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မျက်စိခွဲစိတ်ရမည့် လူနာ(၄)ဦး၊ ပို့ဆောင်ပေးခဲ့ရာတွင် မျက်စိခွဲစိတ်ကုသရမည့် လူနာများအား ဆရာဝန်များမှ စမ်းသပ်စစ်ဆေးခြင်း၊ ကုသဆောင်များတွင် နေရာချထားပေးခြင်းများအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့သည်။
ကျော်သူရ (ကော့မှူး)