မုဒုံ ဇန်နဝါရီ ၃၀
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး KG ကျောင်းသား/သူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ပြုလုပ်သည်။
ကျောင်းသား/သူများအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရေးအတွက် ပညာရေးနှင့်ကျန်းမာရေးအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မုဒုံမြို့နယ်၊ ပညာရေးမှူး ဦးသန်းထွန်းဌေး၊ သွားဆရာဝန် ဒေါက်တာလမင်းထက်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နွယ်နွယ်သန်းနှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ အာဟာရကျွေးမွေးခြင်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၉၈)ကျောင်းမှ KG ကျောင်းသား/သူ (၃၁၆၅)ဦးအား ဇန်နဝါရီလတွင် နှစ်ကြိမ်၊ ဖေဖော်ဝါရီလတွင် တစ်ကြိမ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)