ဝေါမြို့နယ်၊ ထိန်တပင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြဆောင်ရွက်

ဝေါ ဇန်နဝါရီ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ထိန်တပင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်မှုသရုပ်ပြခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးထက်လွင်ဦးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသိန်းထွန်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာများကို ကျောင်းသား၊ ကျောင်းသူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်ပတ်သတ်၍ မီးအခြေခံသဘောသဘာဝ၊ မီးအတန်းအစားခွဲခြားခြင်း၊ မီးငြှိမ်းသတ်ရေးကိရိယာအသုံးပြုခြင်းတို့အား အသိပညာပေး ဆွေးနွေးဟောပြောသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းထွန်းနှင့် မီးသတ်တပ်ဖွဲ့မှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများက တာဝန်ရှိသူများနှင့်အတူ လက်တွေ့မီးငြှိမ်းသတ်မှုကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)