မိုးနဲမြို့နယ်၌ KG တန်း ကလေးငယ်များအား နေ့လယ်စာ အာဟာရကျွေးမွေး
Jan 30,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း နေ့လယ်စာအာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နမ့်စလိုင်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။