ကျောက်ဆည်မြို့တွင် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများအား (၁)ပိဿာ ငွေ(၈၃၇၅)ကျပ်ဖြင့် စားအုန်းဆီ (၁၄၂၅၈) ပိဿာ ရောင်းချပေး

ကျောက်ဆည် ဇန်နဝါရီ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်း ပြည်သူများ စားသုံးဆီ အခက်အခဲမရှိစေရေး  ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်တွင် ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဝန်ထမ်းများအား (၁) ပိဿာငွေ (၈၃၇၅) ကျပ်နှုန်းဖြင့် စားအုန်းဆီ (၁၄၂၅၈) ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

စားအုန်းဆီများ ရောင်းချရာတွင် ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းအသင်းဝင် စားသုံးဆီဝယ်ယူရောင်းချသူများဖြစ်သည့် ဦးဘိုဘိုထွန်း၊ ဦးအောင်လွင်၊ ဒေါ်စန်းစန်းဌေးတို့က ခရိုင်အဆင့် ဌာနဆိုင်ရာဝန်ထမ်း (၁၇၇၀) ဦးအတွက် စားသုံးဆီ (၃၅၄၀) ပိဿာကိုလည်းကောင်း၊ ဦးဘိုဘိုထွန်း၊ ဦးကျော်ကျော်နိုင်၊ ဒေါ်သီတာ၊ ဦးအေးမင်းစိုး၊ ဦးတင်လင်းအောင်၊ ဦးအောင်ကိုဝင်း၊ ဒေါ်တင်နွဲ့၊ ဒေါ်ခင်မြတ်မွန်တို့က မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်း (၅၃၅၉)ဦးအတွက် စားအုန်းဆီ (၁၀၇၁၈) ပိဿာ စုစုပေါင်းဝန်ထမ်း (၇၁၂၉) ဦးအတွက် ဆီပိဿာချိန် (၁၄၂၅၈) ပိဿာ ရောင်းချပေးခဲ့ကြောင်း ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် အသင်းထံမှ သိရသည်။

သက်မောင်(ကျောက်ဆည်)