သတင်းများ

သင်္ဃန်းကျွန်းမြို့နယ် ပညာရေးဒီဂရီကောလိပ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကာယအလှမယ်နှင့် လှယဉ်ကျေးမယ်ပြိုင်ပွဲ ကျင်းပ
Jan 31,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကာယအလှမယ်နှင့် လှယဉ်ကျေးမယ်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ(၁:၀၀)နာရီက သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ် ပညာနေခြည်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
တောင်ကြီးမြို့၌ ကျောင်းတွင်းအာဟာရ ကျွေးမွေး
Jan 31,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရန်၊ ပညာရေးနှင့် ကျန်းမာရေးအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရန်၊ မူလတန်း ကျောင်းသား၊ ကျောင်းသူများ၏ ဖွံ့ဖြိုးမှုနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများ မြှင့်တင်ရန်ရည်ရွယ်၍ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပုလဲအားကစားခန်းမနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ ပညာဗိမာန်ခန်းမတို့၌ ဆောင်ရွက်ခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
Jan 31,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသေးစားကုန်ထုတ်လုပ်ငန်း များဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ လုပ်ငန်းထူထောင်မည့်သူများအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမတွင် ကျင်းပပြုလုပ်သည်။
ကရင်ပြည်နယ် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ
Jan 31,2025
ကရင်ပြည်နယ် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ဆေးတက္ကသိုလ်-မန္တလေးတွင် ကျင်းပသည့် ဝိဉာဉ်မဲ့မြတ်ဆရာပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်
Jan 31,2025
ဆေးပညာသင်ကြားရာတွင် ခန္ဓာဗေဒပညာရပ်ကို လက်တွေ့ကျကျ လေ့လာသင်ယူခွင့် ရရှိစေရန်အတွက် ခန္ဓာကိုယ်လှူဒါန်းပေးခဲ့ကြသော ဝိဉာဉ်မဲ့မြတ်ဆရာများ၏ ဂုဏ်ကျေးဇူးကို သိရှိနားလည်စေရန်၊ သက်ရှိလူနာများကို မိမိကိုယ်တိုင် ခွဲစိတ်ကုသမှုမပြုလုပ်ခင်တွင် ခွဲစိတ်ပညာရပ်နှင့် ပတ်သက်သော အတွေ့အကြုံများရရှိစေရန်အတွက် ဝိဉာဉ်မဲ့မြတ်ဆရာများ၏ အခန်းကဏ္ဍမှာ အလွန်အရေးပါကြောင်းကို သိရှိနားလည်စေရန်၊ အသက်ရှင်ကျန်းမာနေစဉ်အတွင်း အများကောင်းကျိုး ဆောင်ရွက်နိုင်သလို သေဆုံးသွားပြီးချိန်တွင်လည်း ဆေးပညာလောကအတွက် မိမိတို့ခန္ဓာကိုယ်ကို လှူဒါန်းခြင်းဖြင့် ကောင်းကျိုးဆက်လက် သယ်ပိုးနိုင်ကြောင်း သိရှိနားလည်စေရန် ရည်ရွယ်၍ ဝိဉာဉ်မဲ့မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ဆေးတက္ကသိုလ်-မန္တလေး၊ ဇီဝခန်းမတွင် ဇန်နဝါရီလ (၃၀) ရက်နေ့ နံနက်ပိုင်းက ကျင်းပခြင်းဖြစ်ပါသည်။
ကျိုင်းတုံတက္ကသိုလ် (၂၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စျေးရောင်းပွဲတော် ကျင်းပ
Jan 31,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျိုင်းတုံတက္ကသိုလ် (၂၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စျေးရောင်းပွဲတော်ကို ယမန်နေ့က အဆိုပါကျောင်း ပင်မဆောင်ရှေ့တွင်ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ထက်၊ အမှတ်(၁၁) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျာ၊ ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်-၂ ဦးမင်းညို၊ အဖွဲ့ဝင်-၄ ဦးအောင်မြတ်သာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဇမ္ဗူသီရိမြို့နယ် သံဃနာယကအဖွဲ့အနားယူခြင်းနှင့် ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးကျင်းပ
Jan 31,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် သံဃနာယကအဖွဲ့အနားယူခြင်းနှင့် ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အောင်ဇမ္ဗူရပ်ကွက်၊ မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်တွင်ကျင်းပရာ ဦးဆောင်ကွပ်ကဲရေးအဖွဲ့ ဆရာတော်ကြီးများ၊ ကြီးကြပ်ရေးအဖွဲ့ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များ၊  မြို့နယ်သံဃာ့ဝန်ဆောင်ဆရာ​တော်များ၊ နေပြည်တော်သာသနာရေးမှူး ဦးထွန်းမြင့်အောင်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေနော်ဝင်း၊ အဖွဲ့ဝင် ဗိုလ်မှူး ပြည့်ဖြိုးအောင်နှင့် ဦးကျော်အောင်၊ မြို့နယ်သာသနာရေးမှူး ဦးအောင်သူနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပဲခူးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ ကျင်းပပြုလုပ်
Jan 31,2025
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ ဝိုင်အမ်ဘီအေခန်းမ၍ ကျင်းပပြုလုပ်ခဲ့သည်။