တပ်ကုန်းမြို့နယ် ဒရောက်ကူးကျေးရွာတွင် စာကြည့်တိုက်အဆောက်အဦသစ် ရာခိုင်နှုန်းအပြည့် ဆောက်လုပ်ပြီးစီး

တပ်ကုန်း ဇန်နဝါရီ ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဒရောက်ကူးကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့် ဆောက်လုပ်ခဲ့သည့် စာကြည့်တိုက်အဆောက်အဦသစ်ကို သက်ဆိုင်ရာတာဝန်ရှိများက ၂၀၂၄ ခုနှစ် ဇူလိုင် ၂၁ ရက် နံနက်ပိုင်း မင်္ဂလာအချိန်တွင် ပန္နက်တင်ပေးခဲ့ပြီး စတင်ဆောက်လုပ်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ရာခိုင်နှုန်းအပြည့် ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာစာကြည့်တိုက်ကို မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေကျပ်သိန်း ၁၅၀ ဖြင့် အလျား ၂၀ ပေ၊ အနံ ၂၁ ပေ၊ တစ်ထပ် အဆောက်အဦသစ်တည်ဆောက်ခြင်းဖြစ်ကြောင်းနှင့် ဒေသခံဆောက်လုပ်ရေးအဖွဲ့မှ တာဝန်ယူ တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်