သတင်းများ

ပန်းတနော်မြို့၌ ခွေးရူးရောဂါကြိုတင်ကာကွယ်ဆေး အခမဲ့ထိုးနှံပေး
Jan 30,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းစတင်၍ အနောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ထိုးနှံပေးလျက်ရှိသည်။
တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jan 30,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စာရေးသူ “ လင်းသိုက်ညွန့် (မြန်မာ့မြေ)”ရေးသားထားသည့် “အောင်မြင်ခြင်းလက်ဆောင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။
ဓနုဖြူမြို့နယ်၌ မြို့နယ်သံဃနာယကအဖွဲ့များ အနားယူ/အစားထိုး ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကျင်းပ
Jan 30,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့များ အနားယူ/အစားထိုး ရွေးချယ်ဖွဲ့စည်းရေးအခမ်းအနားကို ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းက အမှတ် (၃) ရပ်ကွက်၊ ခင်မကန်ကျောင်းဝန်း အတွင်းရှိ စွယ်တော်ကျောင်းတိုက်၌ ကျင်းပသည်။
မူဆယ်မြို့၌ စာသင်ကျောင်းအခြေပြု ကလေးငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံပြန်ဆောင်ရွက်ရေးအစီအစဉ်များ ပြုလုပ်ဆောင်ရွက်
Jan 30,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စာသင်ကျောင်းအခြေပြု ကလေးငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံပြန်ဆောင်ရွက်ရေးအစီအစဉ်ကို ယနေ့နံနက်(၁၀)နာရီက ပြုလုပ်သည်။
မိုင်းဆတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စကားပုံဆက်ပြိုင်ပွဲနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Jan 30,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနကကြီးမှူး၍ ယနေ့ နေ့လယ် ၁၂ နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စကားပုံဆက်ပြိုင်ပွဲနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သထုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်
Jan 30,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိဌာနအသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။
ပန်းတနော်မြို့၌ ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း(ဂိုးလတ်) သဲသောင်ပြင် ဘောလုံးပြိုင်ပွဲကျင်းပ
Jan 30,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပန်းတနော်မြို့ မြို့မိမြို့ဖများမှ ဦးစီးကျင်းပသော အမျိုးသားအလွတ်တန်း(ဂိုးလတ်) သဲသောင်ပြင်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီခွဲအချိန်တွင် ပန်းတနော်မြို့နယ် သဲသောင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။
သထုံမြို့နယ်၌ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 30,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သစ်တောဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်က လိပ်အင်းရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။