အမရပူရ ဇူလိုင် ၂၄
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ နိုင်ငံတော်အစိုးရ ရက် ၁၀၀ လမင်းစီမံချက်ဖြင့် အခြေခံကျောင်းများရှိ အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံရေးစိစစ်ကတ်ပြားနှင့် UID ကတ်များပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက နဂါးဝင်း၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် အမရပူရမြို့နယ် ဦးစီးမှူးရုံးမှ လဝကမှူး ဒေါ်ခင်ခင်စန်းဦးဆောင်သည့် ဝန်ထမ်းများက အဆိုပါကျောင်းရှိအသက်၁၀နှင့်အထက် ကျောင်းသား၊ ကျောင်းသူ ၈၃ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များအားOne Stop Service ဖြင့် ဆောင်ရွက်ပေးခဲ့ရာကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ အုပ်ထိန်းသူများက လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လဲ့လဲ့ခိုင်