မြစ်သား ဇူလိုင် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနေအောင်စိုး ဦးဆောင်ကာ ကျန်းမားရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကျန်းမာရေးဆရာမများက KG ကျောင်းသား/ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို ဇူလိုင် ၂၄ ရက် နံနက် ၉ နာရီက ရွှေသူဌေးရပ်ကွက်၊ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အာဟာရကျွေးမွေးခဲ့ကြောင်း သိရသည်။
KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနေအောင်စိုး ဦးဆောင်၍ ကျန်းမားရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေး ဆရာမများက ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီတာနှင့် ဆရာ/ဆရာမများ ပူးပေါင်းပြီး KG ကျောင်းသား၊ ကျောင်းသူများကို စနစ်တကျ လက်ဆေးနည်းများ၊ သွားခံတွင်းသန့်ရှင်းရေး လုပ်ငန်းများနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးများကို လက်တွေ့ဆောင်ရွက်ပေးခဲ့ပြီး KG ကျောင်းသား၊ ကျောင်းသူ ၁၇၄ ဦးတို့ကို အာဟာရကျွေးမွေးပေးခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)