ညောင်တုန်း ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအေးကျော်သည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော်၊ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးတို့ လိုက်ပါလျက် ဇူလိုင်လ ၂၃ ရက်၊ နံနက်ပိုင်းက မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊အမှတ်(၇)ရပ်ကွက်၊ ရဲမာန်ဟုန်လမ်းထိပ်ရှိ "We Love Nyaungdon" အလှဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီးနှင့် အလှဆိုင်းဘုတ် မတည်အလှူရှင်တို့က ဆိုင်ဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်၍ အမွှေး နံသာရည်များ ပတ်ဖြန်းသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ် (၃) ရပ်ကွက်၊ (၁၂) လမ်း ကမ်းနားသို့ရောက်ရှိ၍ မြစ်ကမ်းအအခြေအနေများနှင့် မြစ်ရေမြင့်တက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ခရိုင်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်အုန်းက မြစ်ကမ်းပါးထိန်းသိမ်း ထားရှိမှူနှင့် မြစ်ရေစီးဆင်းမှုအခြေအနေများကိုရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များမှာကြားခဲ့ပြီး ညောင်တုန်းမြို့ပြည်သူ့ဆေးရုံသို့ရောက်ရှိ၍ ဆေးရုံးအတွင်း ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ရန်နိုင်ဆွေက ဆေးရုံဝန်ထမ်းအင်အား အခြေနေများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ဆေးရုံဝန်းအတွင်း ဆောက်လုပ်ဆဲ (၃) ထပ်ဆောင်အား ပြန်လည်ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆားမလောက်ကျေးရွာရှိ မြစ်ကမ်းပါးအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ ခရိုင်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်အုန်းက မြစ်ကမ်းပါးပြိုကျထားရှိမှုအခြေအနေများနှင့် ကမ်းထိန်းလုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များရှင်းလင်း တင်ပြခဲ့ပြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များ မှာကြားခဲ့ ကြောင်သိရသည်။
မြို့နယ်(ပြန်ဆက်)