သတင်းများ

ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောခြင်း၊ နံရံကပ် စာစောင်ပြသခြင်းများ ဆောင်ရွက်
Oct 11,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကိုယနေ့ နံနက်(၉)နာရီက (အမက)ကမာဘီ ကျောင်း‌‌၌ ပြုလုပ်ခဲ့သည်။
 ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ်၊ အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ
Oct 11,2024
မွန်ပြည်နယ်တွင် အားကစားကဏ္ဍ ​တိုးတက်အောင်မြင်မှုရှိ​စေ​​ရေးနှင့် ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်အားကစားသမားများကို ​ပြုစုပျိုး​ထောင်​​မွေးထုတ်​ပေးနိုင်​ရေးအတွက် ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၁၀) မြို့နယ်၊ အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ ည​နေပိုင်းက၊ ​မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အားကစားဝါသနာရှင်များမှ မော်လမြိုင်မြို့နယ် အမျိုးသားဘောလုံးအသင်းနှင့် ​​ကျိုက်မရောမြို့နယ် အမျိုးသား ဘောလုံးအသင်းတို့ ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်​ကစား​​နေမှုအား ကြည့်ရှုအား​ပေးခဲ့ကြသည်။
ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် ချက်ကြံရင့်ပေါင်း ၂၀၅၈၉ ဧကစိုက်ပျိုးပြီးစီး
Oct 11,2024
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် ကြံစိုက်ပျိုးရာသီတွင် လမိုင်းခင်းနှင့်အခင်းသစ်ချက်ကြံရင့်စုစုပေါင်း ၂၀၅၈၉ ဧကစိုက်ပျိုးထားပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Oct 11,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ယမန်နေ့ နံနက် (၁၁)နာရီအချိန်က အ‌ခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းပြီး စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Oct 11,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြည်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန (community centre)ခန်းမ၌ ယမန်နေ့ နေလယ်(၁)နာရီခွဲအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။
မင်းလှမြို့တွင် ရေကြီးနစ်မြုပ် ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
Oct 11,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ ဇူလိုင်လနှင့် သြဂုတ်လတို့တွင် ရေကြီးနစ်မြုပ်ခံရသည့် ကျေးရွာအုပ်စု (၄)အုပ်စုရှိ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
တံတားဦးမြို့နယ်၊ ကန်ချောကျေးရွာအုပ်စု ရေဘေးသင့်ပြည်သူများအတွက် အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်
Oct 11,2024
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ကန်ချောကျေးရွာအုပ်စု ရေဘေးသင့်ပြည်သူများအတွက် အိမ်ထောင်စုနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ခြင်းကို တံတားဦးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အောက်တိုဘာလ(၁၀)ရက်နေ့ နံနက်(၁၀)နာရီတွင် ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မိဘဆရာအသင်းနှစ်ပတ်လည် အခမ်းအနားပြုလုပ်
Oct 11,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းရှိခန်းမ၌ ကျင်းပသည်။