လှိုင်းဘွဲမြို့ မြို့မပရိယတ္တိစာသင်တိုက်၌ စူဠဆုနှင်းသဘင်အခမ်းအနား ကျင်းပ
Feb 06,2025
၂၀၂၄ ခုနှစ်၊ အစိုးရပါဋိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူကြသည့် စာအောင်သံဃာတော်များအား စာအောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်ချီးမြှင့်သည့် စူဠဆုနှင်းသဘင် အခမ်း အနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က လှိုင်းဘွဲမြို့၊ (ခ)ရပ်ကွက်၊ မြို့မပရိယတ္တိစာသင်တိုက်ရှိ မြို့မဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။